အနီရောင်ဂါဝန်စီမံကိန်း
‘အနီရောင်ဂါဝန်’ (The Red Dress) စီမံကိန်းကို ဗြိတိသျှ အနုပညာရှင် Kirstie Macleod (ခါစတီ မတ်ခလောက်)က စိတ်ကူးရခဲ့ပြီး၊ ကမ္ဘာတစ်ဝန်းရှိ ပြတိုက်များနှင့် ပြခန်းများတွင် ခင်းကျင်းပြသမှုတစ်ခု ဖြစ်လာခဲ့သည်။ ဘာဂန်ဒီ အနီမှိုင်း ပိုးထည် (၈၄) ခု၌ ပန်းထိုးရန် ထိုအထည်များကို (၁၃) နှစ်လုံးလုံး ကမ္ဘာတစ်ဝန်းသို့ ပို့ဆောင်ခဲ့ပြီး၊ အမျိုးသမီး (၃၀၀) ကျော် (နှင့် အမျိုးသားအနည်းငယ်)တို့က ပန်းထိုးပေးခဲ့ကြသည်။ ထို့နောက် အထည်စများကို ဂါဝန်အဖြစ် ဖန်တီးပြီး၊ ထိုဂါဝန်က ပါဝင်ကူညီခဲ့ကြသည့် လက်မှုပညာရှင်တစ်ဦးစီ၏ ဇာတ်လမ်းများကို ပြောပြနေသည်။ ပညာရှင်အများစုသည် အပယ်ခံနှင့် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသည်။
အနီရောင်ဂါဝန်ကဲ့သို့ပင်၊ အာရုန်နှင့် သူ၏သားမြေးစဥ်ဆက်တို့ ဝတ်ဆင်သည့်အဝတ်များကို ကျွမ်းကျင်လုပ်သား အများအပြားက ပြုလုပ်ခဲ့ကြသည် (ထွက် ၂၈:၃)။ ယဇ်ပုရောဟိတ်ဝတ်စုံအတွက် ဘုရားသခင်၏ညွှန်ကြားချက်များတွင် ထာဝရဘုရားရှေ့တော်၌ အောက်မေ့စရာအဖြစ်…
ဝတ်ပြုကိုးကွယ်ခြင်းပွဲတော်များ
ကြီးမားသည့်ပွဲလမ်းတစ်ခုသို့ တက်ရောက်ခြင်းက အံ့ဩဖွယ်နည်းလမ်းဖြင့် သင့်ကို ပြောင်းလဲစေနိုင်ပါသည်။ ယူကေနှင့်အမေရိက၌ ရက်ပေါင်းများစွာ စုရုံးကြသည့်ပွဲတော်တွင် လူပေါင်း (၁၂၀၀) ကျော်နှင့် ထိတွေ့ဆက်ဆံရပြီးနောက် ကြီးမားသည့်ပွဲတော်များသည် ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ထိန်းချုပ်လမ်းညွှန်မှုနှင့် မိမိ၌ရှိသည့်အရင်းအမြစ်များအား တစ်ပါးသူတို့နှင့် ဝေမျှလိုစိတ်၌ပင် သက်ရောက်မှုရှိကြောင်းကို သုတေသီ Daniel Yudkin (ဒန်နီယယ်ရက်ကင်)နှင့် အပေါင်းအပါများက လေ့လာတွေ့ရှိခဲ့သည်။ သူတို့၏သုတေသနပြုချက်အရ ပွဲတက်ရောက်သူ (၆၃) ရာခိုင်နှုန်းသည် ထိုပွဲတော်၌ “ပြုပြင်ပြောင်းလဲမှု” အတွေ့အကြုံကို ခံစားခဲ့ကြရပြီး၊ ထိုအတွေ့အကြုံအားဖြင့် လူလူချင်း ပို၍ ဆက်နွယ်မှုရှိလာပြီး၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုနှင့် သူတို့လုံးဝမသိကျွမ်းသည့် သူစိမ်းတစ်ရံဆံတို့အပေါ် ပို၍ ရက်ရောကြင်နာစိတ်များ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် ကျွန်ုပ်တို့စုရုံးကြသည့်အခါ လောကီပွဲတော်တစ်ခု၏ လူမှုရေးဆိုင်ရာ “ပြုပြင်ပြောင်းလဲမှု” အတွေ့အကြုံသက်သက် သာမကဘဲ ဘုရားသခင်ကိုယ်တော်တိုင်နှင့် ကျွန်ုပ်တို့ ဆက်သွယ်မိတ်သဟာရဖွဲ့ခွင့်ရသည်။ ဘုရားသခင်၏လူမျိုးတော်တို့သည် ရှေးကာလများ၌ တစ်နှစ်ပတ်လုံး…
ချောကလက်နှင်းပွင့်များ
ဆွဇ်ဇာလန်နိုင်ငံ၊ အိုလ်တန် (Olten) မြို့သူမြို့သားများသည် တစ်မြို့လုံးကိုဖုံးလွှမ်းသွားသည့် ချောကလက်အမှုန်ထုကြောင့် အံ့အားသင့်သွားခဲ့သည်။ အနီးအနားမှ ချောကလက်စက်ရုံရှိ လေဝင်လေထွက်စနစ် ချို့ယွင်းသဖြင့် ကိုကိုးမှုန့်များ လေထဲပျံ့နှံ့ကာ ပတ်ဝန်းကျင်တစ်ခုလုံး အချိုသကာအာဟာရများဖြင့် လွှမ်းခြုံသွားခဲ့သည်။ ချောကလက်ကြိုက်သူအဖို့ ဤချောကလက်မှုန့်သည် လက်တွေ့ဖြစ်လာသည့် အိပ်မက်ပင်ဖြစ်သည်။
ချောကလက်သည် လူတစ်ဦး၏ အာဟာရလိုအပ်ချက်များကို လုံလောက်စွာ မဖြည့်ဆည်းပေးနိုင်သော်လည်း ဘုရားသခင်သည် ဣသရေလလူမျိုးများအား အာဟာရပြည့်သော ကောင်းကင်မှမုန့်မိုးကို ဖြည့်ဆည်းချပေးခဲ့သည်။ ကန္တာရကိုဖြတ်သန်းကြစဉ် ဣသရေလလူမျိုးများသည် အဲဂုတ္တုပြည်၌ ကျန်ခဲ့သည့် အမျိုးမျိုးသော စားစရာများအကြောင်းကို ညည်းတွားကြသည်။ ထိုအခါ ဘုရားသခင်က သူတို့ကို အားဖြည့်ပေးရန် “မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်”ဟု မိန့်ကြားခဲ့သည် (ထွက် ၁၆:၄)။ မနက်ခင်းနှင်းစက်များ ခြောက်သွားသောအခါ မုန့်လုံးများကျန်နေခဲ့သည်။ ထိုနေ့က ဣသရေလလူမျိုး (၂) သန်းခန့်အား သူတို့စားလောက်သမျှကို သိမ်းစေခဲ့သည်။ ကန္တရထဲတွင် လှည့်လည်ခဲ့ရသည့် အနှစ် (၄၀) ပတ်လုံးတွင်…
ဘုရားသခင်၏လက်တော်ထဲတွင်
အသက် (၁၈) နှစ် ပြည့်သွားသော ကျွန်မသမီးလေး၏ဘဝတွင် ဘဝသစ်စတင်လာပါပြီ။ ယခု တရားဝင်အသက်ပြည့်ပြီဖြစ်၍ သူမသည် နောင်လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြီး အထက်တန်းကျောင်းပြီးလျှင် ဘဝကို စတင်တော့မည်ဖြစ်သည်။ လောကကြီးကို သူမဘာသာရင်ဆိုင်ရသည့်အခါ ငွေရေး ကြေးရေးစီမံရန်၊ ကမ္ဘာ့ရေးရာများကို နိုးနိုးကြားရှိရန်နှင့် ခိုင်မာသော ဆုံးဖြတ်ချက်ချရန် စသည်တို့အတွက် လိုအပ်မည့်ဉာဏ်ပညာများကို သူ့အားမျှဝေရန် ကျွန်မနှင့်အတူ တစ်မိုးအောက်တည်း၌ သူရှိနေမည့် အဖိုးတန်အချိန်များစွာမရှိတော့ဟု ဤပြောင်းလဲမှုက ကျွန်မ၏စိတ်၌ အရေးတကြီးခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
သမီးလေးက သူ့ဘဝကို ကိုင်တွယ်နိုင်ရန်အတွက် ပြင်ဆင်ပေးရမည့်ကျွန်မ၏တာဝန်ကို နားလည်နိုင်ပါသည်။ တကယ်တော့ ကျွန်မ သူမကို ချစ်ပြီး သူမကို တိုးတက်အောင်မြင်စေချင်သည်။ သို့သော် အရေးကြီးသည့်အခန်းကဏ္ဍ၌ ကျွန်မရှိနေသော်လည်း ၎င်းသည် ကျွန်မ၏တစ်ခုတည်းသော (သို့) အဓိကအလုပ်မဟုတ်မှန်း ကျွန်မသိသည်။ သခင်ယေရှုအကြောင်းကို သူသင်ပေးခဲ့၍ ယုံကြည်ခြင်း၌ သူ၏သားသမီးများသဖွယ်ဖြစ်သည့် သက်သာလောနိတ်မြို့သားများအား မိန့်ကြားသောစကားတွင် အချင်းချင်းကို…
ယုံကြည်ခြင်းမျိုးစေ့များ
လွန်ခဲ့သည့်နွေဦးကာလက ကျွန်မတို့၏မြက်ခင်းပြင်ကို မြေမဆွပေးမီ တစ်ညတွင် ပြင်းထန်သောလေမုန်တိုင်းကျရောက်ပြီး၊ လေတစ်ဝှေ့၌ မေပယ်ပင်မှ အစေ့များ ဖွားကနဲ လွင့်စင်ကျကုန်သည်။ ထို့နောက် ကျစ်လစ်သောမြေပြင်မှ မြေဆီလွှာကို မြေဆွစက်ဖြင့် ကုတ်လိုက်သည်အခါ ခြံဝင်းအတွင်း ရာနှင့်ချီသော မေပယ်စေ့များကို စိုက်ပြီးသားဖြစ်သွားသည်။ တိုတောင်းသော ရက်သတ္တပတ်နှစ်ပတ်အတွင်း ကျွန်မတို့၏ခြံဝင်းရှိ မြက်ခင်းပြင်သည် မေပယ်တောကြီး ဖြစ်သွားသည်။
နေရာမှား၍ ပေါက်နေသောအပင်အရွက်လေးများကို စိတ်ရှုပ်ရှုပ်ဖြင့် လေ့လာသုံးသပ်စဉ်၊ အပင်တစ်ပင်တည်းမှ အသစ်သော၊ များစွာသောအပင်များ လှိုင်လှိုင်ရှင်သန်ပွားများလာသည်ဟူသည့် အတွေးတစ်စ ကျွန်မ၏စိတ်ထဲ၌ဖြစ်ပေါ်လာသည်။ ထိုနမူနာပုံစံငယ် အပင်တစ်ပင်စီက လူသားတစ်ဦးမျှသာဖြစ်သည့် ကျွန်မသည် သခင်ခရစ်တော်၌ရှိသော အသစ်သောအသက်တာကို အခြားသူများနှင့် မျှဝေနိုင်သည့် သရုပ်သဏ္ဌာန်ကို မြင်စေပါသည်။ ကျွန်မတို့၏အသက်တာ လမ်းခရီးတွင် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းအကြောင်းကို ဖော်ပြရန် (၁ ပေ ၃:၁၅) ကျွန်မတို့ တစ်ဦးချင်းစီ၌ မရေတွက်နိုင်သည့် အခွင့်အရေးများစွာ ရှိပါသည်။
သခင်ယေရှုအား မျှော်လင့်လျက် “ဖြောင့်မတ်ခြင်းတရားကြောင့်…
ဖန်ဆင်းခြင်းကို ရှာဖွေတွေ့ရှိခြင်း
ဥရောပ-အာရှတိုင်းပြည်ဖြစ်သည့် ဂျော်ဂျီရာနိုင်ငံရှိ Krubera-Voronja (ခရူဘရာ ဗရော်န်ဂျာ) လှိုဏ်ဂူသည် ကမ္ဘာဂြိုဟ်တွင် လေ့လာတွေ့ရှိရသမျှသော အနက်ဆုံးဂူများထဲမှ ဂူတစ်ဂူဖြစ်သည်။ စူးစမ်းလေ့လာသူ အဖွဲ့တစ်ဖွဲ့သည် မှောင်မဲ၍ ကြောက်စရာကောင်းသော ကမ္ဘာမြေကြီးနက်နဲရာထဲသို့ ၂,၁၉၇ မီတာ (၇,၂၀၈ ပေ) မတ် စောက်၍ တိုးဝင်သွားသော ထိုလှိုဏ်ဂူကြီးကို ချင်းနင်းကရိယာစမ်းတံဖြင့် ထောက်စမ်းရှာဖွေကြသည်။ အလားတူ လှိုဏ်ဂူများ လေးရာခန့်ရှိပြီး၊ ထိုတိုင်းပြည်၏အခြားဒေသများနှင့် ကမ္ဘာတစ်ဝန်းတွင် အသီးသီးရှိကြသည်။ လှိုဏ်ဂူကြီးများစွာကို ထပ်မံလေ့လာတွေ့ရှိကြပြီး လှိုဏ်ဂူအနက်ပေသစ် စံချိန်များကိုလည်း ချမှတ်နိုင်ကြသည်။
ဖန်ဆင်းခြင်း၏အံ့ဩဖွယ်ရာများသည် စူးစမ်း၍ မကုန်နိုင်အောင်ရှိနေပြီး ကျွန်ုပ်တို့အသက်ရှင် နေထိုင်သော စကြဝဠာကြီးအပေါ် ကျွန်ုပ်တို့၏နားလည်မှုကို ထပ်လောင်းဖြည့်စွက်ပေးလျက်၊ ကမ္ဘာပေါ်ရှိ နှိုင်းယှဥ်ရာမဲ့ဖြစ်သော ဘုရားသခင်၏ လက်ရာတော်ဖြစ်သည့် ဖန်ဆင်းခြင်းအပေါ် အံ့ဩမှုကို ဖြစ်စေသည်။ ဘုရားသခင်သည် ကြီးမြတ်တော်မူခြင်းကြောင့် သူ့အား “ရွှင်လန်းစွာ သီချင်းဆိုကြရန်” နှင့် “ကြွေးကြော်ကြရန်” ဆာလံဆရာက ကျွန်ုပ်တို့အားလုံးကို…
နက်ရှိုင်းသော အနာရောဂါငြိမ်းခြင်း
၂၀၂၀ ခုနှစ် အီစတာတနင်္ဂနွေနေ့က ဘရာဇီးနိုင်ငံ၊ Rio de Janeiro (ရီယိုဒီဂျနေရို) မြို့တော်ကို အပေါ်စီးမှ ကြည့်နေသည့် ကျော်ကြားသော ‘Christ the Redeemer’ (ရွေးနှုတ်ကယ်တင်ရှင်ခရစ်တော်) ရုပ်တုကို သမားတော်တစ်ဦး၏ ဝတ်စားဆင်ယင်ပုံဖြင့် လျှပ်စစ်မီးဆင်ပေးခဲ့သည်။ ကိုရိုနာကပ်ရောဂါကို တိုက်ထုတ်နေသည့် ရှေ့တန်းမှကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ခရစ်တော်ကို ဆရာဝန်အဖြစ် ထိမိဆွတ်ပျံ့ဖွယ် ပုံဖော်ခြင်းဖြစ်သည်။ ထိုပုံရိပ်က သခင်ယေရှုကို ကျွန်ုပ်တို့၏ ကြီးမြတ်သောသမားတော်ကြီးအဖြစ် သရုပ်ဖော်ချက်ကို အသက်ဝင်စေသည် (မာ ၂:၁၇)။
သခင်ယေရှုသည် ကမ္ဘာမြေ၌ အမှုတော်ဆောင်စဉ်တွင် လူများစွာ၏ ရုပ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခများကို ကုသပေးခဲ့သည်။ လူအချို့ကို ဖော်ပြရလျှင် မျက်မမြင်ဗာတိမဲ (မာ ၁၀:၄၆-၅၂)၊ နူနာစွဲသောသူ (လု ၅:၁၂-၁၆)နှင့် လက်ခြေသေသောသူ (မ ၉:၁-၈) တို့ဖြစ်သည်။ ရိုးရှင်းသောအစာ တစ်နပ်စာကို ပွားများစေပြီး ဆာလောင်သူများကို ကျွေးမွေးထောက်ပံ့ခြင်းက သူ့နောက်သို့လိုက်သူများ၏…
ဂီတဆေးဝါး
(၅) နှစ်အရွယ် Bella (ဘယ်လာ)သည် အမေရိကန်နိုင်ငံ၊ ဒါကိုတာပြည်နယ်မြောက်ပိုင်း၌ ကင်ဆာရောဂါကြောင့် ဆေးရုံတက်နေရစဥ် ဆေးကုသမှု တစ်စိတ်တစ်ဒေသအဖြစ် ဂီတကုထုံးဖြင့် ကုသမှုခံယူခဲ့သည်။ လူများစွာတို့သည် တိတိကျကျနားမလည်သော်လည်း စိတ်ခံစားချက်အပေါ်၌ ဂီတ၏အင်အားကြီးမားသော အကျိုးသက်ရောက်မှုကို ကြုံတွေ့ခံစားခဲ့ကြရသည်။ သို့သော် မကြာမီကပင် သုတေသီများက တေးဂီတ၏ လက်တွေ့အကျိုးသက်ရောက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဘယ်လာကဲ့သို့ ကင်ဆာဝေဒနာသည်များ၊ (အကြောအားနည်း၍ ခြေလက်တုန်သည့်) ပါကင်ဆန်ရောဂါ၊ မှတ်ဉာဏ်အားနည်း၍ သတိမေ့ခြင်းနှင့် စိတ်ဒဏ်ရာရသူများအား ယခုအချိန်တွင် ဂီတကုထုံးကို အသုံးပြုလျက် ကုသပေးနေပါသည်။
ရှောလုမင်းသည် ဆိုးသောဝိညာဥ်၏နှောင့်ယှက်ညှဥ်းဆဲမှုကို ခံရသည့်အခါ ဂီတကုထုံးကို ရှာဖွေခဲ့သည်။ ရှောလုထံခစားသော ကျွန်တို့သည် သူ၌ငြိမ်သက်ခြင်း ကင်းမဲ့နေသည်ကိုတွေ့ပြီး “ငြိမ်သက်ချမ်းသာ” ရစေရန် မျှော်လင့်ချက်ဖြင့် သူ့အားစောင်းတီးပေးမည့်သူကို ရှာဖွေရန် အကြံပြုခဲ့သည် (၁ ရာ ၁၆:၁၆)။ ယေရှဲ၏ သား ဒါဝိဒ်ကို ခေါ်သွင်းလျက် ဒါဝိဒ်သည် သူ့စိတ်နှင့်တွေ့သောကြောင့်…
သင်၏နှလုံးကို ကာကွယ်စောင့်ရှောက်ပါ
ဟန်ဂေရီလူမျိုး သင်္ချာပညာရှင် Abraham Wald (အေဘရာဟမ်ဝဒ်)သည် ၁၉၃၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီးနောက် သူ၏ကျွမ်းကျင်မှုစွမ်းရည်များကို ဒုတိယကမ္ဘာစစ်တွင် အားဖြည့်အသုံးချခဲ့သည်။ တပ်မတော်သည် ရန်သူတိုက်ခိုက်မှုမှ လေယာဥ်ကိုကာကွယ်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိပြီး စစ်လေယာဥ်များအတွက် ပိုမိုကောင်းမွန်သော ကာကွယ်ရေးနည်းလမ်းများကို ရှာဖွေပေးရန် ဝဒ်နှင့့် အပေါင်းအပါများ၏ Statistical Research Group (စာရင်းအင်း အချက်အလက်များဆိုင်ရာ သုတေသနအဖွဲ့)ကို တောင်းဆိုခဲ့သည်။ သူတို့သည် တိုက်ခိုက်ရာမှ ပြန်ရောက်လာသောလေယာဥ်၏ ပျက်စီးမှုအများဆုံးအပိုင်းကို စတင်စစ်ဆေးကြသည်။လေယာဥ်၏ပျက်စီးမှုက လေယာဥ်၏မည်သည့်အပိုင်းသည် အပစ်ခံရပြီး မပျက်ကျဘဲ ပြန်ရောက်လာနိုင်သည့်အချက်ကို ပြသနေကြောင်း ဝဒ်၏ စူးရှထက်မြက်သည့် ထိုးထွင်းဉာဏ်က မှတ်ကျောက်တင်ဂုဏ်ပြုခံရသည်။ ထိခိုက်ပျက်စီးသောလေယာဥ်ပေါ်တွင် အပိုဆောင်းအကွယ်အကာ အလိုအပ်ဆုံးအပိုင်းကို ရှာဖွေတွေ့ရှိနိုင်ကြောင်း သူသဘောပေါက်ခဲ့သည်။ လေယာဥ်၏အကာအကွယ်အမဲ့ဆုံး အင်ဂျင်ပိုင်း အပစ်ခံရပါက လေယာဥ်ပျက်ကျသွားခြင်းကြောင့် စစ်ဆေး၍ မရနိုင်ပေ။
ကျွန်ုပ်တို့၏အားအနည်းဆုံး စိတ်နှလုံးကို ကာကွယ်ရန် ရှောလမုန်မင်းကြီးသွန်သင်ထားသည်။ “နှလုံးသည်…
အသိုက်အမြုံနေရာ
ပျံလွှားငှက်မျိုးနွယ်ဝင် Sand martins ငှက်များသည် မြစ်ကမ်းပါးတွင် မြေကြီးကိုတူးပြီး အသိုက်များပြုလုပ်ကြသည်။ အင်္ဂလန်နိုင်ငံ အရှေ့တောင်ဘက်တွင် အိမ်ယာတိုးချဲ့ဆောက်လုပ်ရေး စီမံကိန်းများကြောင့် နှစ်စဉ်ဆောင်းခိုငှက်များ ပြန်လည်ရောက်လာသည့်အခါ အသိုက်ပြုလုပ်ရန်နေရာ နည်းပါးသွားသည်။ ဒေသခံ သဘာဝတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ဝင်များက အလျင်အမြန်ပင် ထိုငှက်များ အိမ်ဆောက်နိုင်ရန် ကြီးမားသောသဲကမ်းပါးအတုများ တည်ဆောက်ပေးကြသည်။ သဲရုပ်တုတည်ဆောက်သည့် ကုမ္ပဏီတစ်ခု၏အကူအညီဖြင့် လာမည့်နှစ်များတွင် ထိုငှက်များအသိုက်လုပ်နေထိုင်နိုင်ရန် နေရာကို တည်ဆောက်ကြသည်။
လှပသောထိုကြင်နာမှုလုပ်ရပ်သည် တပည့်တော်များအား နှစ်သိမ့်ပေးသည့် သခင်ယေရှု၏စကားများကို ထင်ထင်ရှားရှား သရုပ်ဖော်နေသည်။ ကိုယ်တော်က သူသည် တပည့်တော်များအား ထားခဲ့ပြီး၊ သူသွားမည့်အရပ်သို့ တပည့်တော်များ ယခုချက်ခြင်း သူနှင့်အတူ လိုက်၍မရကြောင်း (ယော ၁၃:၃၆) ပြောပြီးနောက် တပည့်တော်များ နေစရာအခန်းများကို ကောင်းကင်အိမ်တော်တွင် သွားရောက်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ကိုယ်တော်က သူတို့စိတ်ချအောင် မိန့်ကြားခဲ့သည် (၁၄:၂)။ သခင်ယေရှုက သူတို့ကို မကြာမီ ထားခဲ့တော့မည်ဟုပြောသောအခါ ရုတ်တရက်…